မန္တလေးမြို့ဟာ ချမ်းအတွက် ရတနာသိုက် လမ်းညွှန်မြေပုံ တစ်ချပ်နဲ့ တူတယ်။ ဘယ်လိုရတနာသိုက်မျိုးလဲဆိုတော့ ရှေးဟောင်း အနုသုခုမဗိသုကာလက်ရာတွေ ကိန်းအောင်းနေတဲ့ ရတနာသိုက်မျိုး။ မန္တလေးဟာ သူ့နေရာမှာတင် ရတနာတွေနဲ့ ပြည့်နေတာ မဟုတ်ဘူး။

ချမ်းတို့ရဲ့ ရန်ကုန်ဆိုတာ လွန်လေပြီးသောကာလတုန်းက တိတိပပ ဆိုရသော် ကိုလိုနီခေတ်ကာလတုန်းက အရှေ့တောင်အာရှမှာ နံပါတ် (၁) ချိတ်ခဲ့တဲ့ အဖွံ့ဖြိုးဆုံး၊ အသန့်ရှင်းဆုံး မြို့တစ်မြို့ပါပဲ။ ခုချိန်မှာတော့ အသန့်ရှင်းဆုံးမြို့ဆိုတဲ့ စကားလုံးကို အရှေ့တောင်အာရှမှာ မပြောနဲ့… မြန်မာနိုင်ငံထဲမှာတောင် ပြောလို့ မရနိုင်တော့ပါဘူး။ သည်တော့ တချိန်ကရန်ကုန်ဆီသို့ Yangon Heritage Trust ရဲ့ အချက်အလက်တွေနဲ့ Yangon Walkabout Tour လေး လျှောက်ကြည့်လိုက်ရအောင်…
ပွင့်ဖြူမြို့ရဲ့ အညာရှုခင်းတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ရုံလေးရုံသမိုင်း၊ မယုံရင်ပုံပြင်မှတ်ရလောက်တဲ့ ထူးဆန်းထွေလာဖြစ်စဉ်များ အကြောင်းကိုလည်း ပြောပြချင်ပါသေးတယ်။