“ဘန့်ဘွေးကျင်း” နာမည်ဆန်းဆန်းနဲ့ သည်နေရာလေးကို မရောက်ဖူးခင် ကတည်းက ဓာတ်ပုံတွေကြည့်ပြီး တအားသဘောကျနေတာ။ သွားဖို့ အကြောင်းဖန်လာတော့ တကယ်ကို စိတ်လှုပ်ရှား တက်ကြွမိတယ်။ ဘန့်ဘွေးကျင်း ရေတံခွန်က နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျင်းကျေးရွာအုပ်စုမှာ ရှိတာပါ။

နိုဝင်ဘာလမှာ လည်ပတ်လို့ အကောင်းဆုံးမြို့ကို ညွှန်းပါဆိုရင် ချမ်းကတော့ နောင်ချိုမြို့ကိုပဲ ညွှန်းမှာပါ။ သည်အချိန်ဆို နောင်ချိုမှာ တိမ်ပင်လယ်တွေ ထူထဲနေလောက်ပြီ။ ဆောင်းဝင်ခါစမို့ ရေတံခွန်တွေ စိမ်းလဲ့ကြည်တောက်နေလောက်ပြီ။ ဝါဝါထိန်ထိန် တောင်နေကြာတွေလည်း အစွမ်းကုန် ပွင့်နေလောက်ပြီ။ တမျှော်တခေါ် ကြံခင်းကြီးတွေမှာ ကြံပန်းတွေနဲ့ ဖွေးဖွေးဖြူနေလောက်ပြီ။
ညောင်ရွှေလို့ ပြောလိုက်တာနဲ့ အင်းလေးကန်ကိုပဲ ပြေးမြင်မိတော့ ရေထဲမှာပဲ လည်ပတ်စရာရှိတယ် ထင်နေခဲ့တာ။ ပြီးခဲ့တဲ့ Weekends တုန်းက ညောင်ရွှေမြို့ကို သွားလည်ဖို့ အကြောင်းပေါ်လာလို့ Google Map မှာ ရှာကြည့်လိုက်တော့ အင်းထဲမှာတင် မကဘဲ ကုန်းပေါ်မှာပါ လည်စရာတွေက အများကြီးရယ်။ အလည်အပတ်ကော အစားအသောက်ပါ ခုံမင်တဲ့ ချမ်းအတွက်တော့ ညောင်ရွှေမြို့က တကယ့်ကို လောကနိဗ္ဗာန်ပါပဲ။