Photo Gallery

Capture The Good Times.

Babas and Nyonyas အိမ်တော်ပုံရိပ်များ

Peranakans လူမျိုးစုကို Babs and Nyonyas လို့လဲ ခေါ်ကြတယ်။ သည်လူမျိုးစုတွေက ပီနန်၊ မလကာ၊ စင်္ကပူ ရေလက်ကြားဒေသတွေမှာ အခြေချ နေထိုင်လေ့ရှိတယ်။ အခုသွားလည်ခဲ့တဲ့ အိမ်တော်ကို ၁၉ရာစုနှောင်းပိုင်းလောက်မှာ Hai Kee Chan ဆိုတဲ့ သူဌေးမိသားစုက ဆောက်လုပ်စေခဲ့တာ။

အိမ်ကြီးက သူဌေးအိမ်ဆိုတဲ့အတိုင်း အင်္ဂလန်ထုတ်ကြမ်းခင်းကြွေပြားတွေ၊ စကော့တလန်က သံထည်လက်ရာတွေ၊ တရုတ်လက်ရာကနုတ်တွေနဲ့ ပေါင်းစပ်ထားတော့ ခန့်ခန့်ငြားငြားကြီးပေါ့။ George Town ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဆောက်အအုံထဲမှာလဲ တစ်ခုအပါအဝင် ဆိုပါတော့။ အခန်းတွေကတော့ စုံစိနေတာပဲ။

ကြောင်းမြန်းဖို့လာတဲ့ သူဌေးသားတွေကို သူဌေးသမီးတွေက တံခါးအပေါက်တွေကနေ ချောင်းကြည့်တဲ့အခန်းတို့ ဘာတို့...

သေပြီးသား ဘိုးဘေးတွေ ကဗျည်းမှတ်တိုင်တွေ ထားတဲ့အခန်း စသည်ဖြင့် အဆောင်ဆောင်အခန်းအခန်းပါပဲ။

ပြတိုက်က နံနက်၉:၃၀ကနေ ညနေ၅:၀၀အထိ ပိတ်ရက်မရှိ ဖွင့်တယ်။ ဝင်ကြေးက အသက်၆နှစ်အထက်ဆိုရင်း မလေးရင်းဂစ် ၂၀ ပေးရတယ်။ လိပ်စာက အမှတ်၂၉၊ Church လမ်း၊ ၁၀၂၀၀ပီနန်ပါ။

Copyright © 2020 Traveller Chan. All Rights Reserved.