Food & Drink

Food is precious, don't waste...

ရှူးရှူးရှဲရှဲ မာလာဟင်းဘူးဖေး ဗိုက်ကားအောင် သွားစားမယ်

လတ်လတ်ဆတ်ဆတ် ခုလေးတင် သွားစားဖြစ်တဲ့ Savory မာလာဟင်းဘူးဖေးဆိုင် တစ်ခုနဲ့ မိတ်ဆတ်ပေးချင်လို့... နေ့လည်ထမင်းစားချိန်ရောက်တော့ ရုံးကမောင်လေးတစ်ယောက်က မာလာဟင်းအရသာကောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။

သွားစားရအောင်ကွာဆိုတာနဲ့ အိုခေပေါ့။ ၄၈လမ်း အပေါ်ဘလောက်တင်ဆိုတော့ ရုံးနဲ့လည်း နီးနီးလေးရယ်။ ၁နာရီခွဲအတွင်း ကြိုက်သလောက် အဝစား တစ်ယောက်ကို ၆၀၀၀ကျပ်၊ tax က ၃၀၀ကျပ် ဆိုတော့ ဈေးက မဆိုးဘူး။

ဆိုင် decoration လေးက ချစ်စရာကောင်းတော့ တားမရတဲ့ ဝါသနာပေမို့ ဓာတ်ပုံတောင် ရိုက်ခဲ့သေးတယ်။

မာလာဟင်းကို အရည် (သို့မဟုတ်) ဟင်းပုံစံကို ကိုယ်စားချင်သလို ၁မျိုး (ဒါမှမဟုတ်) ၂မျိုးလုံး လုပ်ခိုင်းလို့ရတယ်။

အရသာက ချမ်းကြိုက်တဲ့ပုံစံမျိုး... ဘယ်လိုပြောရမလဲ။ ခပ်ပြင်းပြင်းပေါ့။ အစပ်အဟပ်အတွက် နံပါတ် ၃မျိုး ပေးထားတယ်။ ၁က အစပ်လျှော့ထားပြီး ၃ကတော့ လုံးဝ ရှူးရှူးရှဲရှဲ။ သတိထားရမှာက အငန်လျှော့ခိုင်းနော်... ပုံမှန်အတိုင်းမှာရင် ငန်သလားလို့။ ဟင်းအနှစ်ထဲမှာ စီချွမ်ထည့်ချက်ထားတဲ့အတွက် အဲ့အလုံးလေးကို ဝါးမိရင် ပါးစပ်ထဲမှာ ထုံထုံစပ်စပ်လေး ဖြစ်သွားတတ်တယ်။ ထုံထုံးစပ်စပ်လေး မခံနိုင်ရင် ထမင်းတစ်လုံးလောက် ယူထားပေါ့။

အချိုပွဲမရှိပေမယ့် ရေခဲတုံး၊ အအေး၂မျိုးနဲ့ ရေသန့်တော့ ပေးထားတယ်။ ရေခဲမုန့်ပါ ကျွေးရင် သိပ်ကောင်းမှာပဲ.. ဟိဟီး။ ခပ်ပြင်းပြင်းအရသာ စားပြီးရင် အချိုပွဲအနေနဲ့ ရေခဲမုန့်က သိပ်လိုက်တာ။ အအေးကိုလည်း အချိုလျှော့ပေးထားရင် ကောင်းမယ်။

မာလာဟင်းအတွက် စိတ်ကြိုက်ရွေးချယ်နိုင်သည့် ဟင်းအမည်တွေကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားတယ်။ တစ်ပုံချင်းစီသာ ကြည့်လိုက်ပေတော့။

ချမ်းကတော့ ဗိုက်ကားနေပြီမို့လို့ သူဌေးမရှိတုန်း ကွန်ပျူတာရှေ့ ခဏလောက် မာလာဟင်းအမျှင်တန်း (ထမင်းလုံးစီ) လိုက်အုံးမယ်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.