ရန်ကုန်မြို့မှာ မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့၏ အနွယ်တော်များ သချိုင်္င်းတော်ရှိသလို သီပေါမြို့မှာလည်း စော်ဘွားကြီး ဆာစဝ်ချယ်၊ သားတော် စော်ဘွားကြီး စဝ်အုံကြာနှင့် အနွယ်တော်များ သချိုင်္င်းတော် ရှိပါတယ်။ သီပေါမြို့ဝင်၊ Tour Gate အကျော်၊ လွယ်မုတ်တောင်ပေါ်မှာ ရှိတာဆိုတော့ သီပေါမြို့ကို အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ် သွားဖြစ်တဲ့အခါ ဝင်ရောက်လေ့လာစေချင်မိတယ်။